2020

ပထမနှစ်ဝက်မှာ covid ရဲ့ သက်ရောက်မှုကြောင့် အလုပ်မှာရော၊ personal ဘက်မှာပါ အဆင်မပြေမှု သောင်းခြောက်ထောင်နဲ့ depression ဝင်သလိုလိုအထိ ဖြစ်ခဲ့ပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ ပြန်အဆင်ပြေလာတယ်။…

မနက်ခင်းအတွေးအပိုင်းအစများ

မနက်နိုးလာတော့ မိုးသံတွေကြားနေရတယ်။ ဒီရက်ပိုင်း မိုးက ခပ်စိပ်စပ်ရွာနေတာ ဆိုတော့ မထူးဆန်းပါဘူးလေ။ အိပ်ယာဘေးက ခုံပေါ်တင်ထားတဲ့ ဖုန်းကို ယူကြည့်လိုက်တော့ ၉ နာရီ ဝန်းကျင်ပဲ ရှိသေးတယ်။ ထုံးစံအတိုင်း ကို့ရို့ကားယားလုပ်ပြန်ပြီလို့ မကျေမနပ်နဲ့ပေ့ါ။…

2020 1⁄2

ဘာလိုလိုနဲ့ အခု ဇွန်လကို ရောက်လာခဲ့ပြီဆိုတော့ 2020 တောင် တစ်ဝက်ကျိုးလုနီးပြီ။ ပုံမှန်ဆိုရင် တစ်နှစ်စာကို နှစ်ကုန်မှပဲ ရေးနေကျဖြစ်ပေမယ့် ဒီနှစ်မှာကတော့ နှစ်ဝက်နဲ့ ရေးစရာတွေရှိနေတာကြောင့် ခေါင်းထဲရှိတုန်းမှာ ရေးထားလိုက်တယ်။…

2019

အခုမှ 2019 ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလထဲ ဝင်ခါစဖြစ်ပေမယ့် ဒီတစ်နှစ်တာအကြောင်းကို ရေးချင်စိတ်ရှိနေတုန်း ချရေးထားလိုက်တယ်။ နှစ်တိုင်းလည်း ဒိုင်ယာရီသဘောမျိုးရေးနေကျဖြစ်နေတာ့ အစဉ်အလာမပျက် ရေးဖြစ်တဲ့သဘောပါ။…

2018

2018 ကိုပြန်ကြည့်ရင် ဘာမှထွေထွေထူးထူး အပြောင်းအလဲ သိပ်မရှိခဲ့ဘူး။ အလုပ်နဲ့ပတ်သတ်ပြီး အပြောင်းအလဲဖြစ်ဖို့ အထပ်ထပ်အခါခါ အတော်လေးနီးစပ်မှုရှိခဲ့ပေမယ့် အကြောင်းကြောင်းတွေကြောင့် အထမမြောက်ခဲ့ဘူး။…

ပြည်သို့

နှစ်ကုန်ပိုင်း ခရီးသွားဖို့ အစောကြီးထဲက စီစဉ်ထားပေမယ့် ထုံးစံအတိုင်း အနားကပ်တော့မှ ဘယ်သွားမလဲ တိုင်ပင်ဖြစ်ကြတယ်။ စစချင်း ချောင်းသာ သွားကြမယ်ဆိုပြီး ဟိုတယ်တွေ လိုက်စုံစမ်းကြည့်တော့ ပြည့်ကုန်တာများတယ်။…

ပုဂံသို့

အထက်တန်းကျောင်းထဲက ငယ်သူငယ်ချင်းတွေနဲ့ ခရီးသွားဖို့ စီစဉ်ခဲ့တာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးလောက်ကြာနေပြီ။ ကိုယ်အားတော့ သူတို့ကမအား သူတို့အားတော့ ကိုယ်ကမအား အဲလိုအကြောင်းအကျိုးမတိုက်ဆိုင်တာနဲ့ပဲ တော်တော်အချိန်ကြာသွားတယ်။…

2017

အချိန်ကုန်တာ မြန်လွန်းတော့ တစ်နှစ်တစ်နှစ်က ခဏလေးလိုပဲ။ မနှစ်က 2016 ဆိုပြီး ရေးခဲ့တာတောင် မနေ့တနေ့ကလိုပဲ ထင်ရတယ်။ ဒါပေမယ့် အချိန်ဆိုတာ သူ့ဘာသာ သူ့ပုံမှန်နှုန်းနဲ့ လည်ပတ်နေတာဆိုတော့ နှေးတယ်မြန်တယ်ဆိုတာလည်း ကာယကံရှင်ရဲ့ ဂရုပြုမှု မပြုမှု နဲ့ပဲ သက်ဆိုင်ပါတယ်။…