Posts in "reflection"

01. January 2018

2017

အချိန်ကုန်တာ မြန်လွန်းတော့ တစ်နှစ်တစ်နှစ်က ခဏလေးလိုပဲ။ မနှစ်က 2016 ဆိုပြီး ရေးခဲ့တာတောင် မနေ့တနေ့ကလိုပဲ ထင်ရတယ်။ ဒါပေမယ့် အချိန်ဆိုတာ သူ့ဘာသာ သူ့ပုံမှန်နှုန်းနဲ့ လည်ပတ်နေတာဆိုတော့ နှေးတယ်မြန်တယ်ဆိုတာလည်း ကာယကံရှင်ရဲ့ ဂရုပြုမှု မပြုမှု နဲ့ပဲ သက်ဆိုင်ပါတယ်။ ထားပါတော့။ နှစ်ကုန်ခါနီးတိုင်း တစ်နှစ်စာ ကိုယ့်ဘာသာ မှတ်တမ်းတစ်ခုလို ဒိုင်ယာရီတစ်ခုလို မှတ်ထားချင်တာရယ်၊ ဘာတွေတိုးတက်လာပြီး ဘာတွေဆုတ်ယုတ်သွားလည်း ပြန်ချိန်ထိုးချင်တာရယ်ကြောင့် ဒီနှစ်အတွက်လည်း ထပ်ရေးဖြစ်ပါတယ်။

[...]

31. December 2016

2016

နှစ်ကုန်တော့မယ်ဆိုတော့ ကိုယ့်ဟာကိုယ် ဒီနှစ်အတွက် review လေးတစ်ခုလောက် ပြန်ရေးထားတဲ့ သဘောပါပဲ။ နောက်ပိုင်း ပြန်ဖတ်လို့ရအောင် ဒိုင်ယာရီသဘောမျိုးပေါ့။ အရင် ကျောင်းတက်နေတုန်းကတော့ ဒိုင်ယာရီရေးဖြစ်တယ်။ နေ့ရက်နဲ့ အတိအကျရေးထားတော့ နောက်လိုအပ်ရင် ပြန်ပြန်ရှာဖတ်လို့ ရတာပေါ့။ ဒါပေမယ့် နောက်ပိုင်း ငပျင်းဖြစ်လာတော့ မရေးဖြစ်တော့ဘူး။ မှတ်ဉာဏ်ကလည်း မကောင်းတော့ တစ်ခုခုလိုရင် ပြန်စဉ်းစားရတာ တော်တော်လေး ခေါင်းနောက်တယ်။ The Big Bang Theory ထဲက Sheldon Cooper လိုမျိုး Eidetic Memory ရှိရင်လည်း ကောင်းသားပေါ့။

[...]