Posts in "me"

31. December 2016

2016

နှစ်ကုန်တော့မယ်ဆိုတော့ ကိုယ့်ဟာကိုယ် ဒီနှစ်အတွက် review လေးတစ်ခုလောက် ပြန်ရေးထားတဲ့ သဘောပါပဲ။ နောက်ပိုင်း ပြန်ဖတ်လို့ရအောင် ဒိုင်ယာရီသဘောမျိုးပေါ့။ အရင် ကျောင်းတက်နေတုန်းကတော့ ဒိုင်ယာရီရေးဖြစ်တယ်။ နေ့ရက်နဲ့ အတိအကျရေးထားတော့ နောက်လိုအပ်ရင် ပြန်ပြန်ရှာဖတ်လို့ ရတာပေါ့။ ဒါပေမယ့် နောက်ပိုင်း ငပျင်းဖြစ်လာတော့ မရေးဖြစ်တော့ဘူး။ မှတ်ဉာဏ်ကလည်း မကောင်းတော့ တစ်ခုခုလိုရင် ပြန်စဉ်းစားရတာ တော်တော်လေး ခေါင်းနောက်တယ်။ The Big Bang Theory ထဲက Sheldon Cooper လိုမျိုး Eidetic Memory ရှိရင်လည်း ကောင်းသားပေါ့။

[...]

24. September 2016

စကား

မြန်မာစကားတော့ မြန်မာတိုင်းနားလည်ကြတာပါပဲ။ ဒါပေမယ့် ပြောချင်သလိုပြော နားလည်ချင်သလို နားလည်ကြတာ။ ပြောတဲ့သူကလည်း တစ်ဖက်သူ နားလည်အောင် စီကာပတ်ကုံးပြောတတ်ဦးမှ။ နားထောင်တဲ့သူကလည်း ပြောတဲ့သူ ဘာကိုဆိုလိုချင်နေတာလဲ ဆိုတာကို အဓိပ္ပာယ်ကောက်တတ်ဦးမှ။ အဲလို နှစ်ဦးနှစ်ဖက် အဆင်ပြေမှ ခရီးရောက်တာ။ မဟုတ်လို့ကတော့ အလကားပဲ။ လေကုန် နားညည်းတာပဲ အဖတ်တင်တာ။ အဲလို လေကုန် နားညည်းရုံတင်ဆို တော်သေးတယ်။ အခန့်မသင့်ရင် ရန်ပါထဖြစ်နိုင်တဲ့ အခြေအနေအထိရှိတယ်။

[...]

10. April 2016

A Chronicle Of A Death Foretold

Gabriel Garcia Marquez ကို ဆရာသင့်လူ ဘာသာပြန်တဲ့ “ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ” (One Hundred Year Of Solitude) နဲ့ စရင်းနှီးခဲ့တာပါ။ ဘူဝမ်းဒီယားမိသားစုရဲ့ အဘိုးကနေ မြစ်အထိ မျိုးဆက်သုံးလေးဆက်ကို ဇာတ်အိမ်ဖွဲ့ပြီး ရေးသားထားတာပါ။ အဲဒီစာအုပ်ကနေပဲ Marquez ရဲ့ ပရိတ်သတ် လုံးလုံးလျားလျားကို ဖြစ်သွားခဲ့တယ်။ သူ့စာရေးဟန်က ထူးခြားတယ်။ ထေ့လုံး သော့လုံး တွေပါတယ်။ ပဉ္စလက် သရုပ်မှန် (Magic Realism) လို့ခေါ်တဲ့ ဆန်းကြယ်သော စိတ်ကူးနှင့် အစစ်အမှန်တို့ကို တမင်အားထုတ်ခြင်း မရှိဘဲ သဘာဝကျကျ ပေါင်းစပ်ထားတဲ့ဟန် ကို အထူးပြုတယ်။ ဒီလိုနဲ့ပဲ သူ့စာအုပ်တွေ ဝယ်စုဖြစ်တယ်ပေါ့ ။ ဆရာသင့်လူ ဘာသာပြန်ထားတာတွေ များပါတယ်။

[...]

29. February 2016

အလွဲများ - ၁

တကယ်တော့ ဒီတစ်ပတ် Monday က အေးဆေးရယ်။ ပြီးခဲ့တဲ့ အပတ်က ပြီးထားတဲ့ project ကို testing လုပ်ဖို့အတွက် user guide ရေးပေးရုံကလွဲရင် ဘာ task မှ လုပ်စရာကို မရှိတာ။ ဆိုတော့ကာ အရင်ဆုံး .exe ကို export ထုတ်ပြီး upload မလုပ်ခင် တစ်ခေါက်လောက်တော့ စမ်းကြည့်လိုက် ပါဦးမယ်လေဆိုတော့မှ error နဲ့စတိုးတော့တာပဲ။ IDE နဲ့ run တာကော Jar နဲ့ run တာကော နှစ်မျိုးလုံး အဆင်ပြေတယ်.. .exe ထုတ်ပြီး မစမ်းတော့ပါဘူးဆိုပြီး ပေါ့လိုက်တာ တကယ်လည်း စမ်းကြည့်ရော web interface အတွက် css တို့ js တို့ စတဲ့ static files တွေက အလုပ်မလုပ်ဘူး။ နည်းနည်းတော့ ပူထူသွားပေမယ့် ၂ နာရီခွဲကို နောက်ဆုံးထားပြီး ပေးရမှာဆိုတော့ မှီပါတယ်လေပေါ့။

[...]

18. January 2016

အရွယ်

အချိန်တွေ တရွေ့ရွေ့နဲ့ကုန်လာတာနဲ့အမျှ အသက်တွေလည်း တစစကြီးလာတယ်။ အသက်တွေကြီးလာတာနဲ့ အမျှ အတွေးအခေါ် အယူအဆတွေကလည်း လိုက်ပြီးပြောင်းလဲ လာတယ်။ အဲလိုပြောင်းလဲမှုတွေက အမှတ်တမဲ့ဆို မသိသာပေမယ် သေချာလေး ဂရုတစိုက်ကြည့်မယ်ဆိုရင် တော်တော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီအရွယ်ဆို ဒီလိုတွေး ဟိုအရွယ်ဆို ဟိုလိုတွေးလို့ ပုံသေပြဌာန်းထားတာမရှိပေမယ့် အချိန်တန်တော့ သူ့အလိုလျောက်ကို ဖြစ်သွားတာပါပဲ။

[...]