Posts in "api"

09. August 2017

What is wrong with your API ?

API ဆိုတာက Data ကို အဓိကထားပြီး အသုံးပြုရတဲ့ Mobile App တွေအတွက်တော့ ကင်းလို့ရတဲ့အရာ မဟုတ်ပါဘူး။ API နဲ့ မချိတ်ထားတဲ့ APP ဆိုတာလည်း ဒီဘက်ခေတ်မှာ ခပ်ရှားရှားရယ်ပါ။ အဲတော့ Development လုပ်တဲ့အခါ Mobile Developer နဲ့ API Developer တွေ့ကြတာပါပဲ။ App က တစ်ခုခုပြဿနာဖြစ်ပြီဆို Mobile သမားကလည်း API ဘက်ကိုလွှဲချ API သမားကလည်း Mobile ဘက်ကိုလွှဲချနဲ့ လုံးချာလည်လိုက်ပြီး မကြာသင့်တာတွေ ကြာကုန်တယ်။ တကယ်တမ်း တစ်ဖက်စီက လုပ်ရကိုင်ရတဲ့ သဘောသဘာဝကို အနည်းအကျဉ်းနားလည်ထားတဲ့ အခါကျရင် အမှားနည်းတာပေါ့လေ။ မဟုတ်ရင် ကိုယ့်ဘက်မှာ ဒီလိုလုပ်လိုက်ရင် အဆင်ပြေပေမယ့် တစ်ဖက်မှာ အဆင်မပြေနိုင်ဘူးဆိုတာ မသိဘူး။ သတိမထားမိဘူး။ အဲတော့ လုပ်ပြီးသားပြန်ပြင်ရတယ်။ အချိန်ကုန်တယ်။ ပိုပင်ပန်းတယ်။

[...]