27. September 2017

Debit Card

Blog domain expired ဖြစ်တော့မယ်ဆိုတော့ extend လုပ်ဖို့အတွက် ကဒ်ထဲမှာလည်း ငွေလက်ကျန်မရှိတော့ဘူးဆိုတော့ ဘဏ်ကိုတစ်ခါသွားရသေးတယ်။ ကဒ်က KBZ ရဲ့ Master Debit Card ပါ။ အရင်တစ်ခေါက်ငွေထည့်တုန်းကလည်း USD နဲ့ထည့်ရတာဆိုတော့ တကူးတကကို USD ပဲယူသွားကာမှ အခုကျ MMK ပဲလက်ခံတော့တယ်ဆိုတော့ နောက်တစ်ခေါက် ဘဏ်ထပ်သွားရမှာ ပျင်းတာနဲ့ အဲ့မှာပဲ ငွေတစ်ခါတည်းလဲပြီး ကဒ်ထဲထည့်လိုက်တယ်။ ရောက်လက်စနဲ့ Mobile Banking ကနေ တစ်ခါတည်းတန်းပြီး ဖြည့်လို့ရလားဆိုကို မေးဖို့မေ့သွားတယ်။ ရတယ်ဆိုရင်တော့ ခဏခဏ ဘဏ်ကိုသွားစရာ မလိုတော့ပဲ အတော်သက်သာသွားပြီ။



ညဘက်ကျ Domain extend တိုးဖို့လုပ်နေရင်း စိတ်ကူးပေါက်တာနဲ့ Namecheap အတွက် Promo Code လေးဘာလေးများရှိမလား ရှာကြည့်တော့ ကံကောင်းစွာနဲ့ပဲ RetailMeNot မှာ သွားတွေ့တယ်။ ဒါပေမယ့် .me အတွက်တော့ မရှိဘူး။ Domain owner’s information ကို protect လုပ်ပေးတဲ့ WhoisGuard အတွက်တော့ $2 တန် Promo code ရလိုက်တယ်။ အစကတော့ WhoisGuard ကို ဝယ်ဖို့စိတ်ကူးမရှိပေမယ့် Discount နဲ့ ဆိုရင် $ 0.99 ပဲကျတော့တယ်ဆိုတော့ တန်ပါတယ်လေဆိုပြီး ဝယ်ဖြစ်လိုက်တယ်။



Domain extend လုပ်ပြီးသွားတော့ Digital Ocean က Debit card လက်မခံတာ သွားစဉ်းစားမိရင်း စမ်းကြည့်ဦးမှပါဆိုပြီး တစ်ခေါက်လောက် ကြိုးစားကြည့်လိုက်သေးတယ်။ မရဘူး။ အရင်တိုင်းပဲ။ သူ့ Billing System ကိုက ကိုယ်သုံးတဲ့အပေါ်မူတည်ပြီး လအလိုက်ဖြတ်ဖြတ်သွားတာဆိုတော့ Debit Cardက ဘယ်လိုမှအဆင်မပြေနိုင်လို့ လက်မခံတာဖြစ်လိမ့်မယ်။ အဲဒါနဲ့ ရုတ်တရက် Linode ဆိုရင်ကောဆိုပြီးသွားစဉ်းစားမိတော့ Linode ကို ထပ်စမ်းကြည့်ဖြစ်လိုက်သေးတယ်။ ကံကောင်းချင်တော့ RetailMeNot မှာပဲ Linode အတွက် $ 20 Promo code ထပ်တွေ့တယ်။ သုံးလို့ရတယ်ဗျ။ ပြီးတော့ Debit Card ကိုလည်း လက်ခံတယ်။ ဘာလို့လဲဆိုတော့ သူက လစဉ် ကဒ်ထဲကနေတိုက်ရိုက်ဖြတ်တာ မဟုတ်ပဲနဲ့ User ဝယ်ထားတဲ့ Credit ထဲကဖြတ်တာ။ ငွေကိုကြိုယူထားတဲ့သဘောပေါ့။ အဲတော့ Debit card ပဲဖြစ်ဖြစ် Credit card ပဲဖြစ်ဖြစ် .. ကဒ်ထဲ ငွေရှိသည်ဖြစ်ဖြစ် မရှိသည်ဖြစ်ဖြစ် ကိုယ်ဝယ်ထားတဲ့ Credit ကိုပဲဖြတ်မှာတော့တော့ မဆိုးဘူးပေ့ါ။ အနည်းဆုံး $ 5 ကစပြီး Credit ကိုဖြည့်ထားလို့ရတယ်။ ဒါပေမယ့် ကိုယ်က ဘာ Instance မှလည်း ဝယ်ဖို့အစီအစဉ်မရှိသေးပဲနဲ့ စမ်းကြည့်ရုံသက်သက်နဲ့ နေရင်းထိုင်ရင်း $ 5 ကုန်သွားတယ်။

#me #curious